blog img 1

E – Commerce အကြောင်း တစေ့တစောင်း

24 / 9 / 2019

မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲသူဦးရေနဲ့ မိုဘိုင်းဖုန်းသုံးစွဲသူတွေ များပြားလာတာနဲ့အမျှ အီလက်ထရောနစ် ကုန်သွယ်ရေး (E- Commerce) စနစ်ကလည်း ပိုပြီးတော့ တွင်ကျယ်လာပါတယ်။ E- Commerce ကို ယေဘုယျပြောပြရမယ်ဆိုရင် အင်တာနက်ကို အသုံးပြုပြီးတော့ ကုန်ပစ္စည်းတွေ၊ Digital Services ၊ Digital Product တွေကို အင်တာနက်ကနေတစ်ဆင့် ရောင်းဝယ်တာမျိုးပါ။

အခုခေတ်ရေစီးကြောင်းမှာ E-Commerce စနစ်က ပိုနေရာရလာပြီးတော့ မိရိုးဖလာနည်းနဲ့ ကုန်ပစ္စည်းတွေကိုရောင်းချတာက တဖြည်းဖြည်း မှေးမှိန်လာတာကို တွေ့ရပါတယ်။ ဒါပေမယ့် မိရိုးဖလာနည်းနဲ့ ရောင်းဝယ်ဖောက်ကားတာက လုံးဝပျောက်ကွယ်သွားတာတော့မဟုတ်ပါဘူး။ ဈေးဆိုင်ခန်းတွေ Shopping Mall တွေမှာ လာရောက်ဝယ်ယူ သူတွေကျန်ရှိနေဆဲဖြစ်သလို E-commerce စနစ်တွေဖြစ်တဲ့ Website၊ Mobile Application တွေပေါ်က ဈေးဝယ်သူတွေကလည်း ဆက်ပြီးတိုးပွားလာနေပါတယ်။

အခုလိုမျိုး E-Commerce စနစ်က ဈေးကွက်မှာ အသာစီးရလာတာဘာကြောင့်လဲ?

(၁) ၂၄ နာရီအချိန်ပြည့်ဝန်ဆောင်မှုပေးနိုင်ခြင်း

(၂) ဈေးဆိုင်ခန်းစရိတ်သက်သာခြင်း

(၃) ကိုယ်ပိုင် Plattform ပေါ်မှာ စိတ်ကြိုက်ရောင်းဝယ်နိုင်ခြင်း

(၄) တစ်ကမ္ဘာလုံးကို ဈေးကွက်ချဲ့ထွင်နိုင်ခြင်း

(၅) အချိန်နေရာမရွေး မိုဘိုင်းဖုန်းတစ်လုံးရှိရုံနဲ့ ငွေပေးချေပြီး ၀ယ်လို့ရခြင်း

(၆) ဈေးဝယ်ဖို့အတွက် တကူးတက အချိန်မပေးရခြင်း တို့ကြောင့်ပဲ ဖြစ်ပါတယ်။

Innovix Digitalရဲ့Client တွေထဲက တစ်ဦးဖြစ်တဲ့ Farm Shop ကဆိုရင်လည်း E-Commerce စနစ် ဖြစ်တဲ့ Mobile Application ကိုအသုံးပြုပြီးတော့ စားသောက်ကုန်နဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေအတွက် လွတ်လပ်စွာရောင်းဝယ် ဖောက်ကားလို့ရတဲ့ Plattform တစ်ခုကို အောင်မြင်စွာတည်ဆောက်ထားတာကို တွေ့ရပါတယ်။ တကယ်လို့များ လူကြီးမင်းတို့ကလည်း ကိုယ့်လုပ်ငန်းတွေ ပိုပြီးတိုးတက်အောင်မြင်ဖို့အတွက် E-Commerce အသွင်ပြောင်းချင်တယ်ဆိုရင်တော့ Innovix Digital ရဲ့ ဖုန်းနံပါတ်ဖြစ်တဲ့ 09 974106013 နဲ့ 09 420275783 ကိုသာဆက်သွယ်လိုက်ပါ။

blog img 1

Innovix Digital မှတာဝန်ယူရေးဆွဲသော FarmShop E-commerce Mobile Application

30 / 10 / 2019

စားသောက်ကုန်နဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေအတွက် လွတ်လပ်စွာရောင်းဝယ် ဖောက်ကားလို့ရတဲ့ Farm Shop Application ကို Innovix Digital က တာဝန်ယူ ရေးဆွဲပေးထားပါတယ်။ ဒီFarm Shop Applicationမှာဆိုရင် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ စိုက်ပျိုးထုတ်လုပ်သူတွေက မိုဘိုင်းဖုန်းတစ်လုံးရှိရုံနဲ့ ကိုယ့်စိုက်ခင်းမှာရှိတဲ့ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်သီးနှံတွေကို ရောင်းချလို့ရပါတယ်။

ဈေးဝယ်သူတွေအနေနဲ့ကလည်း လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို အချိန်တိုအတွင်းမှာပဲ အိမ်တိုင်ရာရောက်ရရှိနိုင်တဲ့ ၀န်ဆောင်မှုရနိုင်မှာ ဖြစ်ပါတယ်။ FarmShop ရဲ့ Testimonial လေးကို အောက်မှာဖော်ပြထားပေးပါတယ်။

>> “ Innovix Digital က Agriculture Field အတွက် Digital market ပေါ်ထွန်းရန် ရည်ရွယ်သည့် Farm Shop Application ကို Part of the team သဖွယ် အသေးစိတ် ဂရုတစိုက် စဉ်းစားပြီး ရေးဆွဲပေးခဲ့လို့ အောင်မြင်စွာ Application launch လုပ်နိုင်ခဲ့ပါတယ်။ Application မှာ သုံးရလွယ်ကူ user friendly ဖြစ်ခြင်း၊ တိကျမှန်ကန်ခြင်း၊ Innovix team ရဲ့နေ့ရောညပါ အခက်ခဲဖြေရှင်းပေးခြင်း၊ problem solving အားကောင်းခြင်း၊ တာဝန်ယူမှု အပြည့်ရှိခြင်းတို့ကြောင့် Farm Shop မှာ အချိန်တိုအတွင်း customers အများပြားရရှိခဲ့ပါတယ်။ ကျေးဇူးအထူးတင်ပါတယ် Innovix Digital Team :) ” << Farm Shop Application Download Link ………… http://bit.do/fauNx

အခုလို Innovix ကို ယုံကြည်စိတ်ချတဲ့ အတွက်လည်း Farm Shop ကို အထူးကျေးဇူးတင်ပါတယ်။ လုပ်ငန်းတွေလဲ ပိုမို အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။

တကယ်လို့များ လူကြီးမင်းတို့ကလည်း ကိုယ့်လုပ်ငန်းတွေ ပိုပြီးတိုးတက်အောင်မြင်ဖို့အတွက် E-Commerce အသွင်ပြောင်းချင်တယ်ဆိုရင်တော့ Innovix Digital ရဲ့ ဖုန်းနံပါတ်ဖြစ်တဲ့ 09 974106013 နဲ့ 09 420275783 ကိုသာ ဆက်သွယ်လိုက်ပါ။

blog img 1

သင့်စီးပွားရေး လုပ်ငန်းမှာ မိုဘိုင်း App ရှိရင် တကယ်ကောရောင်းရမှာလား?

5 / 10 / 2019

နည်းပညာတွေ ပိုမိုထွန်ကားလာတဲ့ အခုခေတ်ထဲမှာ စီးပွားရေးလုပ်ငန်းတွေက ပိုပြီးအောင်မြင်ဖို့၊ ရောင်းရဖို့၊ လူသိများစေဖို့ စတဲ့ရည်ရွက်ချက်တွေနဲ့ အမျိုးမျိုးသော Digital နည်းပညာတွေကို အသုံးပြုပြီး လုပ်ဆောင်လာကြပါပြီ။ ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းနဲ့ ကိုယ်သုံးမယ့် Plattform ကိုက်ညီရဲ့လား၊ ဘယ်လောက်ထိ အောင်မြင်အောင်လုပ်ပေးနိုင်သလဲ စတာတွေအပေါ် မူတည်ပြီးတော့ ရွေးချယ်ဆုံးဖြတ်သင့်ပါတယ်။

ဒီနေရာမှာ စီးပွားရေးလုပ်ငန်းတော်တော်များများမှာ အသုံးပြုနေတဲ့ Mobile App တွေကော ဈေးကွက်မှာ ဘယ်လောက်အရေးပါလဲဆိုရင်တော့ ….



(၁) သုတေသန စစ်တမ်းတွေအရဆိုရင် စမတ်ဖုန်းသုံးစွဲသူတွေက တစ်နေ့မှာ 162 မိနစ်လောက်ကို မိုဘိုင်း App တွေပေါ်မှာ ကုန်ဆုံးကြပါတယ်။ မိုဘိုင်း App တွေကနေ တဆင့် ၀ယ်ယူပုံနည်းလမ်းက လွယ်ကူရိုးရှင်းပြီး အဘက်ဘက်က ကြည့်ရင် အဆင်ပြေတဲ့အတွက် Mobile App ဟာ သင့်ရဲ့ အကောင်းဆုံး Salesman လို့တောင် ဆိုနိုင်ပါတယ်။

(၂) မိုဘိုင်း App တွေက ၂၄ နာရီလုံး အချိန်မရွေး ရွေးချယ် ၀ယ်ယူနိုင်တဲ့အတွက် အရောင်းအားပိုတက်စေတာကတော့ အသေအချာပါပဲ။ ဒါ့ကြောင့်လည်း အွန်လိုင်းမှာ မှာယူတဲ့ အော်ဒါတွေရဲ့ တ၀က်လောက်က မိုဘိုင်း app ပေါ်ကနေ တင်ကြတယ်လို ဆိုထားတာပါ။ ဥပမာအနေနဲ့ကတော့ Domino Pizza ကဆိုရင် သူရဲ့ မိုဘိုင်း App ထုတ်ပြီးတဲ့နောက်မှာ အရောင်းအား 28% တက်သွားခဲ့ပါတယ်။

(၃) Product Discount ချတာမျိုး၊ Rewards Points တွေ၊ ထုတ်ကုန်နဲ့ပတ်သတ်တဲ့ Update သတင်းအချက်အလက်တွေ စတာတွေကို သိစေချင်ရင် Mobile App ထဲကနေပြီးတော့ Notifications တွေပို့ပေးနိုင်ပါတယ်။ အဲ့ကနေ တဆင့် ကိုယ့်ထုတ်ကုန်၊လုပ်ငန်း၊ အမှတ်တံဆိပ်ကို လူပိုသတိထားမိလာပြီး Sales Journey ကိုပါ အရောက်လှမ်းနိုင်မှာပါ။

(၄) ကိုယ့်ရဲ့ ထုတ်ကုန်၊ အမှတ်တံဆိပ်နဲ့ ကိုက်ညီတဲ့ Features တွေ၊ Functions တွေ၊ ဒီဇိုင်းတွေကို စိတ်ကူးရှိသလောက် စိတ်ကြိုက်တီထွင်ဖန်တီးနိုင်ပါတယ်။ ကိုယ့်ရဲ့ Website Design တစ်ခုထဲနဲ့တင် မဟုတ်ဘဲ Mobile Appကပါ သူမတူ ထူးခြားနေပြီး အချက်အလက်တွေကို ပြည့်ပြည့်စုံစုံပေးနိုင်မယ်ဆိုရင် ကိုယ့် Customers တွေကို ဆွဲဆောင်နိုင်မယ့်အပြင် Customers အသစ်တွေပါ တိုးလာမှာဖြစ်ပါတယ်။

လူကြီးမင်းတို့ရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအတွက် Mobile App တစ်ခုလိုအပ်လာပြီဆိုရင်တော့ ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီမယ့် ပုံစံကို Innovix Digital မှ တိုင်ပင်ဆွေးနွေးပေးပြီး အကောင်းဆုံးဖန်တီးပေးဖို့အသင့်ရှိနေပါတယ်။

blog img 1

ခေတ်မှီသပ်ရပ်တဲ့ Website တစ်ခုဖြစ်ဖို့အတွက် ဘယ်အချက်တွေကို သတိထားသင့်သလဲ?

9 / 10 /2 019

အပြိုင်အဆိုင်တွေ များလှတဲ့ အခုခေတ်ကြီးထဲမှာ လုပ်ငန်းတော်တော်များများက ကိုယ့်ရဲ့လုပ်ငန်းမှာ Website တစ်ခုရှိနေရင် ရနိုင်တဲ့ အကျိုးကျေးဇူးတွေကို သိလာကြတဲ့အတွက် Websiteတွေ တည်ဆောက်ပြီးတော့ ကိုယ့်လုပ်ငန်း၊ အမှတ်တံဆိပ်ရဲ့ ပုံရိပ်ကို တည်ဆောက်လာကြပါတယ်။ ဒီအခါမှာ ကိုယ့်လုပ်ငန်း Website ရဲ့ ဒီဇိုင်းအသွင်အပြင်က အများကြားထဲမှာ ဆွဲဆောင်မှုရှိဖို့နဲ့ အသုံးပြုရ လွယ်ကူဖို့ကလည်း အရေးပါတဲ့ အချက်တစ်ခုဖြစ်ပါတယ်။

ကိုယ့် Website ကို အလွယ်တကူ သုံးစွဲ နေနိုင်အောင် ဖန်တီးထားမယ်ဆိုရင် လာရောက်ကြည့်ရှုတွေက ကိုယ့်Company အချက်အလက်တွေကို ရှင်းရှင်းလင်းလင်းသိနိုင်မှာ ဖြစ်ပါတယ်။

ဒီနေရာမှာ စီးပွားရေးလုပ်ငန်းတော်တော်များများမှာ အသုံးပြုနေတဲ့ Mobile App တွေကော ဈေးကွက်မှာ ဘယ်လောက်အရေးပါလဲဆိုရင်တော့ ….

ယနေ့ခေတ်မှာ ဈေးဝယ်သူ Customer အများစုကလည်း မိုလ်ဘိုင်းဖုန်းကို ပိုအကျွမ်းတ၀င်ရှိပြီးတော့ Online ကနေရှာဖွေမှုတွေ လုပ်ဆောင်တဲ့အခါ အဆင်ပြေစွာ အသုံးပြုနိုင်တဲ့ Website တွေကို ပိုပြီး အလိုရှိလာပါတယ်။ ဒီအခါမှာ ကိုယ့်ရဲ့ Website ဟာ Destop Version နဲ့ရော Mobile Version ပါ အဆင်သင့်ရှိနေဖို့လိုပါတယ်။နောက်တစ်ချက်ကတော့ ကိုယ်ရဲ့ Website တစ်ခုဖန်တီးတဲ့အခါ Colour Theory တွေကို အသုံးပြုပြီးတော့ ကိုယ့်ထုတ်ကုန်အမှတ်တံဆိပ်ရဲ့ပုံရိပ်နဲ့ ကိုက်ညီအောင် ဆောင်ရွက်သင့်ပါတယ်။ တစ်ချို့အရောင်တွေ က ကျွန်တော် တို့စိတ်ကို တက် ကြွလန်ဆန်းစေသလို တစ်ချို့အရောင်တွေကတော့ လေးလံထိုင်းမှိုင်မှုကို ဖြစ်ပေါ်စေပါတယ်။ အရောင်တွေကို မျက်လုးနဲ့ စူးစိုက်ကြည့်ရတဲ့အတွက် ဦးနှောက်ကိုလည်း တစ်ခါတစ်လေမှာ ရှုပ်ထွေးမှုတွေ ဖြစ်စေတတ်ပါတယ်။ အဲ့ဒီ့အချက်တွေကို အခြေခံပြီးတော့ကျွန်တော်တို့ Innovix Digital က Website တစ်ခုရေးဆွဲတဲ့အခါမှာ အရောင်တွေကို အသုံပြုပြီး သုံးစွဲသူများ ကို မှတ်မိလာအောင်၊ စိတ်ဝင်စားမှု ရှိလာအောင် အကောင်းဆုံး ဆောင်ရွက်ပေးပါတယ်။

blog img 1

ဘာကြောင့် Custom Website Design ကိုအသုံးပြုသင့်တာလဲ?

17 /9 / 2017

အခုလို IT ခေတ်ကြီးမှာ ကိုယ်ပိုင် Website တစ်ခုရှိနေမယ်ဆိုရင် ကိုယ့်လုပ်ငန်းအတွက် အများကြီးအထောက်အကူဖြစ်စေနိုင်တာကိုတော့သိပြီးဖြစ်ပါလိမ့်မယ်ထင်ပါတယ်။ အခုပြောပြမှာကတော့ လုပ်ငန်းရှင်များအနေနဲ့ Custom Website Design ကိုအသုံးပြုရင် ကိုယ့်လုပ်ငန်းကို ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတဲ့အကြောင်းဖြစ်ပါတယ်။

၁။ Search Engine Optimization (SEO) Ranking အတွက်ပိုမိုကောင်းမွန်ခြင်း

Custom Website Design ကိုအသုံးပြုမယ်ဆိုရင် Googleရဲ့ Search Engine Ranking မှာကိုယ့်လုပ်ငန်းရဲ့ Website Linkကိုတွေ့ မြင်နိုင်တဲ့ အခွင့်အလမ်းပိုမိုများပြားလာမယ့်အပြင် Online Marketing ပြုလုပ်ဖို့အတွက်လည်း များစွာ အထောက်အကူပြုပါတယ်။ Google Search Engine Result မှာ Ranking မြင့်မားတဲ့ အနေအထားနဲ့ ကိုယ့်လုပ်ငန်းရဲ့ Website Link ကို ကြာရှည်ထိန်းထားနိုင်ခြင်းကြောင့် ကိုယ့်Website ကိုပိုပြီးမြင်နိုင်တဲ့အခါ လူကြီးမင်းတို့ရဲ့ လုပ်ငန်းကအမြဲခြေတစ်လှမ်းသာနေမှာ ဖြစ်ပါတယ်။

၂။ ထိပ်တန်း Companies များက Custom Website Design များကိုသာအသုံးပြုခြင်း

ထိပ်တန်း Companies တွေက Custom Website Design များကိုသာအသုံးပြကြပြီးတော့ Free Template Design တွေကိုအသုံး ပြုလေ့မရှိတာကိုတွေ့ရပါတယ်။ Custom Website Design တွေကို အသုံးပြုမယ်ဆိုရင် ကိုယ့်စိတ်တိုင်းကျ ပုံဖော်နိုင်တဲ့အတွက် သူမတူ ထူးခြားနေပြီးတော့ လုပ်ငန်းပုံရိပ်ကို ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။ Free Templates တွေကတော့ ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီတဲ့ Website Design ကို ရှာရတဲ့အခက်အခဲ မျိုး ကြုံရတတ်ပါတယ်။ ကန့်သတ်ချက်ရှိတဲ့ Free Templateတွေ အသုံးပြုမယ်ဆိုရင်တော့ Googleမှာ Ranking ကောင်းအောင်နဲ့ Online Marketing အတွက် လိုအပ်တဲ့ နည်းလမ်းတွေကိုအသုံးပြုနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။

၃။ Professional Developers တွေက Website ပိုမိုတည်တံ့ ကောင်းမွန်စေဖို့စဉ်ဆက်မပြတ် အကူအညီပေးနိုင်ခြင်း။

Free Template Website Design တွေသုံးထားမယ်ဆိုရင် Website Update လုပ်ချင်တဲ့အခါ ဒါမှမဟုတ် Website Error တတ်တဲ့အခါမျိုးမှာ ကျွမ်းကျင်တဲ့ Developers တွေရဲ့အကူအညီလိုအပ်ခဲ့ရင် ချက်ချင်းဆောင်ရွက်မပေးနိုင်တဲ့ အခက်အခဲမျိုးကြုံရတတ်ပါတယ်။ Custom Website Design ကတော့ ကိုယ်ရဲ့ Developer Team Update ဖြစ်နေတာနဲ့ အမျှ ကိုယ့် Websites ကလည်းအမြဲခေတ်မှီနေမှာ ဖြစ်ပါတယ်။

Customers တွေက ကိုယ့်လုပ်ငန်း Websiteကိုအကြောင်းတစ်ခုခုကြောင့် ၀င်ကြည့်ရင် ကိုယ့် Websiteက ခေတ်မှီပြီးဆွဲဆောင်မှုရှိနေဖို့ လိုအပ်ပါတယ်။ တကယ်လို့များလူကြီးမင်းတို့ရဲ့ လုပ်ငန်းအတွက် ခေတ်မှီသပ်ရပ်တဲ့ Custom Website Design တွေကိုစိတ်တိုင်းကျ ဖန်တီးချင်တယ်ဆိုရင်တော့ Innovix Digital ရဲ့ ဖုန်းနံပါတ်ဖြစ်တဲ့ 09 974106013 နဲ့ 09 420275783ကိုဆက်သွယ်လို့ရပါတယ်။

blog img 1

ကိုယ့်လုပ်ငန်းအတွက် Website နဲ့ Facebook Page ဘယ်အရာက ပိုပြီးတော့ သင့်တော်မလဲ?

13 / 9 /2017

အခုလို IT ခေတ်ကြီးမှာ စီးပွားရေး လုပ်ငန်းရှင်များအနေနဲ့ မိမိလုပ်ငန်းပုံရိပ်ကို ပိုမိုသိသာထင်ရှားစေဖို့Internet ကို အလေးထားပြီး အသုံးပြုလာကြပါတယ်။ ဒီအခါမှာ ကိုယ့်လုပ်ငန်း အတွက် ဘယ်Online Channel က ပိုပြီး အထိရောက်ဆုံး ဖြစ်မလဲ ? Website နှင့် Facebook Page တစ်ခုခြင်းစီရဲ့ အားသာချက်တွေကို လေ့လာကြည့်လိုက်ရအောင် …

1.Complete Ownership Vs. Limitations

Website

Online ကနေတဆင့် ကိုယ့်လုပ်ငန်းကို လူသိအောင် လုပ်ဆောင်တဲ့အခါမှာ့ လုပ်ငန်းပုံရိပ်ကို စိတ်တိုင်းကျ ပုံဖော်တည်ဆောက်နိုင်ဖို့အရေးကြီးပါတယ်။ Website ကို အသုံးပြုပြီးတော့ Design, Colour, Content, Media အားလုံးကို အပြည့်အ၀ ထိန်းချုပ်နိုင်ပြီး ကိုယ့်ရဲ့လုပ်ငန်းပုံစံကို ပေါ်လွင်အောင် စိတ်တိုင်းကျ ပြုပြင် တည်ဆောက်နိုင်ပါတယ်။

Facebook Page

Facebook Page က သုံးရတာ လွယ်ကူပေမယ့်် ကိုယ်ပိုင်မဟုတ်တဲ့တစ်ခြား Third Party Website ပေါ်မှာ Data တင်ထားရတဲ့ အတွက်ကြောင့် Facebook ရဲ့ သတ်မှတ်ချက်တွေကို မလွဲမသွေ လိုက်နာရ မှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ Facebook Page ဟာ 100% ကိုယ်ပိုင်မဟုတ်တဲ့အတွက် အချိန်မရွေး ပျက်သွားနိုင်တာကိုလည်း သတိပြုသင့်ပါတယ်။

2. Customised Design vs Pre-defined Layout

Website

Website ဟာ ကိုယ်ပိုင်ဖြစ်တဲ့အတွက် Brands ပုံရိပ်အရ ဖြစ်စေ၊ Marketing လိုအပ်ချက်အရဖြစ်စေ၊ Design Trends နှင့် Customer အကြိုက် ပြောင်းလဲမှုအရဖြစ်စေ မိမိစိတ်ကြိုက် ပုံစံကို တီထွင်ရေးဆွဲနိုင်ပါတယ်။ ဆွဲပြီးသား Website Design ကိုလည်း လိုအပ်တဲ့အချိန်မှာ လိုအပ်သလိုစိတ်တိုင်းကျ ထပ်မံပြောင်းလဲနိုင်ပါတယ်။

blog img 1

Responsive Web Design များ မဖြစ်မနေ လိုအပ်လာခြင်း

26/12/2016

ယနေ့ ခေတ် Smart Phone နှင့် Tablet များ ကို လူများ ပိုမိုသုံးစွဲလာခြင်းကြောင့် Mobile Friendly (Mobile Devices များနှင့် ကြည့်ရှုရာတွင် ပိုမို အဆင်ပြေသော) Websites များမှာ ပိုမို အရေးပါလာပါတယ်။

နောင်နှစ်များစွာတွင်လည်း Smart Phone နှင့် Tablet များကို အစဉ်တစိုက် သုံးစွဲလာမည်ဖြစ်သောကြောင့် Online အသုံးပြုသူများ အတွက် ပိုမို အဆင်ပြေစေရန် Website Designer များသည် Desktop Version အပြင် Mobile User များ အတွက်ပါအဆင်ပြေ လွယ်ကူစေရန် သူတို့၏ Design အတွေးအမြင်များကိုပါလဲ ပြောင်းလဲခဲ့ရသည်။ Online မှ တဆင့်ခံ ရောင်းချမှုများတွင် လည်းပဲ Desktop Computer များထက် Mobile Device များ ဘက်မှ ပိုမို အရောင်းအ၀ယ် အကျိုး ဖြစ်ထွန်းတာကို စစ်တမ်းများအရ သိရှိရပါတယ်။

Responsive Web Design ၏ အားသာချက်များ

၁။ အသုံးပြုသော Devices (Desktop, Laptop, Mobile) များနှင့် Web Design မှာ လိုက်လျောညီထွေမှုရှိခြင်း

Responsive Web Design သည် Website မှာပြရမယ့် Content အချက်အလက် များကို မည်သည့် Device , Screen Size အတွက်မဆို Website သုံးစွဲသူ User များအနေနှင့် သက်တောင့်သက်သာ နှင့် အလွယ်တကူ ကြည့်ရှု သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးပါတယ်။

Website မှာ မိမိပြချင်သော အချက်အလက်တွေကို မည်သည့် Device , Screen Size ကမဆို အသိပေးလိုသော အချက် အလက် တွေ အတိုင်း ကွက်တိ အဆင်ပြေအောင် တည်ဆောက်ပေးနိုင်ပါသည်။

၂။ ပြီးပြည့်စုံသော သုံးစွဲမှု အတွေ့ အကြုံကိုပေးနိုင်ခြင်း

Website တစ်ခုတွင် ပါဝင်သော Content အချက်အလက် ( ပုံ နှင့် စာသားများ) ပြည့်စုံ ကောင်းမွန်ဖို့ လို အပ် သလို ထို Website ကို ကြည့်ရှု သုံးစွဲ မည့် User တွေဘက်မှလည်းပဲ သူတို့ သုံးစွဲမည့် Device (Desktop, Laptop, Mobile) အားလုံးမှ Website ကို သက်တောင့်သက်သာ အခက်အခဲမရှိပဲ အလွယ်တကူသုံးစွဲနိုင်ဖို့ က လည်းအရေးကြီးလာပါတယ်။

Responsive Web Design အသုံးပြု ကြောင့် Website User များအနေနှင့် Website ကို ချုံ့ ခြင်း၊ ချဲ့ ခြင်း ၊ရွေ့ခြင်း များ ပြုလုပ်စရာမလိုပဲ အလွယ်တကူသက်တောင့်သက်သာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

၃။ လုပ်ငန်း ကုန်ကျစရိတ် ကို ပိုမို ခြွေတာနိုင်ခြင်း

Responsive Web Design သုံးစွဲခြင်းကြောင့် Website တစ်ခုတည်း ပြုလုပ်ရုံနှင့် Devices အားလုံး ( Desktop, laptops,Mobile) တို့ တွင် အဆင်ပြေအောင်ကြည့်ရှု သုံးစွဲနိုင်မည်ဖြစ်သောကြောင့် ကုန်ကျစရိတ်ကို ခြွေတာနိုင်ပါ လိမ့်မယ်။

ထို့ အပြင် Website User များ မှ Desktop အတွက် Link တစ်ခု Mobile အတွက် Link တစ်ခုမှတ်စရာမလိုဘဲ Website အတွက် Link တစ်ခုပဲမှတ်စရာလိုပါတော့ လိမ့်မယ်။

Website links တစ်ခုပဲမှတ်ပြီး User အနေနှင့် မိမိနှစ်သက်ရာDevices များမှ အလွယ်တကူကြည့်ရှုနိုင်သည့်အပြင် Google Search Engine အနေနှင့်လဲ Website များ ရှာဖွေစုဆောင်းမှု (Crawling & Indexing) မှာ ပိုမိုအစဉ်ပြေစေသည့်အတွက်Website ၏ SEO (Search Engine Optimisation) အတွက်လည်းပဲ ပိုမိုအကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။

၎။ SEO (Search Engine Optimisation) အတွက် အလွယ်တကူစီမံနိုင်ခြင်း

Desktop Website နှင့် Mobile Website နှစ်မျိုး ခွဲ ပြီး တည်ဆောက်ထားပါက SEO (Search Engine Optimazation) အတွက်အချက်အလက်များ ကို မတူညီသောပုံစံ နှစ်မျိုးကို နှစ်ခါ ပြန်လည် ထည့်သွင်းရပါမည်။

Responsive Web Design က Website တစ်ခုထဲ နှင့်လုံလောက်သောကြောင့် SEO ဆိုင်ရာနည်းလမ်းများ အသုံးပြုရန် ပုံစံတစ်မျိုး ကို တစ်ခါပဲ လုပ်ဆောင်ရုံနှင့် Devices အားလုံး ( Desktop, laptops, Mobile) အတွက်ပါ SEO Effect သက်ရောက်စေမှာဖြစ်သည့်အတွက် ပိုလွယ်ပြီး အကျိုးရှိစေမှာဖြစ်ပါတယ်။ ထို့ အတူ Website သုံးစွဲသူက Online မှ လိုအပ်သော Keyword (e.g., Restaurant) ဖြင့် ရှာဖွေရင် လည်းပဲ သင့် Website ကို တ ခြားသော (SEO အားနည်းသော) Website များထက် ပိုပြီးတွေ့ မြင်စေမှာဖြစ်ပါတယ်။